Company Profile
Hirose

ဆောက်လုပ်ရေးလုပ်ငန်းတွင် အတွေ့အကြုံ ၂၅ နှစ်ကျော် ရှိပြီးဖြစ်သည့် ဟီရိုဆေး (ထိုင်း) လီမိတက်သည် မြေကျွံ၊ မြေပြိုမှု ကာကွယ်ရေးစနစ်၊ အုတ်မြစ်ချခြင်းအတွက် ဆောက်လုပ်ရေး လုပ်ငန်းတွင် ဦးဆောင်နေသည်။ ထိုင်းနိုင်ငံတွင် ဆောက် လုပ်ရေးပိုင်း စတီးလ်ထည်များကို အငှားချရခြင်းကိုလည်း စတင်ဦးဆောင်လုပ်ကိုင်ခဲ့သည်။

ဟီရိုဆေး (ထိုင်း) လီမိတက်သည် ကြီးမားပြီး ခဏတာ အသုံးပြုသည့် ဆောက်လုပ်ရေးပိုင်း စတီးလ်ထည်များကို အငှားချသည့် လုပ်ငန်းကို စတင်ဦးဆောင်လုပ်ကိုင်ခဲ့သည့် ၁၉၃၈ တွင် တည်ထောင်ခဲ့သော ဟီရိုဆေး (ဂျပန်) ၏ လက်အောက်တွင် ရှိသည်။ အရည်အသွေးကောင်းမွန်မှု၊ အဆင့်အတန်း မြင့်မားခြင်း အပေါ်တွင် အခြေခံပြီး လုပ်ငန်းလုပ်ဆောင်ရမည်ဟူသော မူဝါဒကြောင့် အာရှရှိ နိုင်ငံများအတွင်းသို့ ကုမ္ပဏီသည် လျှင်လျှင်မြန်မြန် ထိုးဖောက်ဝင်ရောက်ပြီး တိုးချဲ့လာနိုင် သည်။

ဟီရိုဆေး (ထိုင်း) လီမိတက်သည် အဆင့်မြင့်သော နည်းပညာ၊ မြင့်မားသော အရည်အသွေးရှိ ထုတ်ကုန်များနှင့် စက်ကိရိယာများ၊ အရည်အချင်းရှိ အလုပ်သမားများကို အသုံးပြုခြင်းဖြင့် ၂၅ နှစ်တာရှိသော အတွေ့အကြုံအတွင်း အောင်မြင်မှုရယူနိုင်ခဲ့သည်။ ဤသည်မှာ ဖောက်သည်များ၏ ယုံကြည်မှုကို ကျွန်ုပ်တို့ မည်ကဲ့သို့ ရယူပုံဖြစ်သည်။ ထို့အပြင် ဖောက်သည်များကို အကောင်းဆုံး ထုတ်ကုန်များ နှင့် ဝန်ဆောင်မှုများ ဆက်လက်ပေးနိုင်ရန် ကျွန်ုပ်တို့ ၀န်ဆောင်မှုများကို တိုးတက်အောင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။

စီးပွားရေးအမြင်

"အနာဂတ်အတွက် နည်းပညာအသစ်။" စတီးလ်၊ မြေသားနှင့် အဆောက်အအုံအတွက် ပူးပေါင်းအဖြေရှာသူ။ ဖောက်သည်တိုင်းထံသို့ လျှင်မြန်စွာ အကြောင်းပြန်ခြင်း။ လိုအပ်ချက်များ ဟီရိုဆေး (ထိုင်း) လီမိတက်သည် ဒီဇိုင်းဝန်ဆောင်မှုများ၊ နည်းပညာပိုင်း အကြံပေးဝန်ဆောင်မှုများနှင့် ကြီးမားပြီး ခဏတာ အသုံးပြုသည့် ဆောက်လုပ်ရေးပိုင်း စတီးလ် ထည်များကို အငှားချခြင်းတို့အပါအဝင် မြေကျွံ၊ မြေပြိုမှု ကာကွယ် ရေးစနစ်နှင့် အုတ်မြစ်ချခြင်း လုပ်ငန်းများအတွက် ဆောက် လုပ်ရေးလုပ်ငန်း လုပ်ဆောင်ပေးသည်။